Friday, September 13, 2013

တွေးမိ​တွေးရာ​လေးများ thurizza

အခုတလော ဘာသာရေးနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အပြန်အလှန် ထိုးနှက်နေလိုက်ကြတာ စိတ်မချမ်းသာစရာပါ။ အဆိုးဆုံးကတော့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေပါပဲ။ ကိုယ်မယုံကြည်တာနဲ့ပဲ သူတစ်ပါး ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို ဒီလိုရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုတာမကောင်းပါဘူး။ မည်သူမဆို ကိုယ့်အမေကို အဆဲခံရရင်တောင် လုံးဝ သည်းမခံနိုင်ကြပါဘူး။ မိမိယုံကြည်အားထားကိုးကွယ်တဲ့ ဘုရားကို စော်ကားမော်ကားပြောလာရင်တော့ ပိုဆိုးတာပေါ့။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဒေါသထွက်ကြမှာပါ။ အပြန်အလှန် ဆဲဆိုနေကြတဲ့သူ အားလုံး ဒါလေးကိုတွေးကြည့်ပြီး ကိုယ်ချင်းစာတတ်ကြပါစေ။ ဒီလိုမျိုး အွန်လိုင်းပေါ်ကနေ ဆဲနေကြလို့ရော ဘာတွေအကျိုး ရှိလာပါသလဲ။ ကိုယ်ဆဲဆိုဝေဖန်လိုက်လို့ သူကိုးကွယ်တဲ့ ဘုရားမှာ ဘာတွေနစ်နာသွားလဲ။ စဉ်းစားဆင်ခြင်ကြပါဦး။


Thurizza.blogspot.com
K zaw M T.

No comments:

Post a Comment